မိုင်းရှူးမြို့ အ‌ခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးစိုးထွေးက ကျောင်းစည်းကမ်းအကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်မှူးက ဗလ(၅)တန်အကြောင်း ဟောပြောခဲ့သည်။ ထို့နောက် အားကစားပစ္စည်းများဖြစ်သော ဘောလုံး (၁)လုံး ဘောလီဘော (၂)လုံး ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)