ပင်လုံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

ပင်လုံ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌၊ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက လွတ်လပ်ရေးဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ရရှိပြီးလွတ်လပ်ရေး ရေရှည်တည်တံခိုင်မြဲအောင် ထိန်းသိမ်းတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာစေရန် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့ပါသည်။ မြို့တိုင်းရင်းဆေးမှူး ဒေါ်စကားဝါက တိုင်းရင်းဆေးပညာရပ်အကြောင်း၊ ဆောင်းရာသီတွင် ဖြစ်တတ်သော ရောဂါ (၃) မျိုးကာကွယ်နည်း/ ကုသနည်းများ၊ စားသုံးသင့်သည့်အစားအစားများ၊ ဆောင်ထားသင့်သည့် မိရိုးဖလာဆေးအ​ကြောင်းများကို ဟောပြောပေးခဲ့ပါသည်။

ထို့နောက် ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးရဲအောင်က မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပေးခဲ့ ပြီး​နောက်ပင်လုံနယ်​​မြေစခန်းမှူး ရဲအုပ်တင်မိုးလှိုင်က မူးယစ်ဆေးဝါးအန္တရာယ် အ​​ကြောင်း၊ ဥပဒေများပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

ဆက်လက်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)