မိုင်းနောင်မြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းများ ဆောင်ရွက်

မိုင်းနောင် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်​(တောင်ပိုင်း)၊ မိုင်း‌နောင်မြို့‌တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းများကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးကြောင်း သိရှိရသည်။

 မိုင်းနောင်တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံဆရာမ ဒေါ်နန်းမေထားသည် အမျိုးသမီးများတွင် (HPV)ပိုးကူးစက်ခြင်းကြောင့် သားအိမ်ခေါင်းကင်ဆာလက္ခဏာများတွေ့ရှိရခြင်းများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရခြင်းများကို ရှင်းလင်းပြောကြားကာ (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မိုင်းနောင်တိုက်နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မိုင်းနောင် အ.ထ.က၊ အမှတ်(၂၈၆) အ.မ.ကနှင့် ခေါက်စန့် အ.မ.ကကျောင်းများမှ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူပေါင်း (၁၂၀)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)အား စနစ်တကျထိုးနှံပေးကြောင်း သိရှိရသည်။

မိုင်းနောင်