ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသ

ကျောက်ဆည် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီက စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြည်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျောင်းသား‌၊ ကျောင်းသူများ ပညာတတ်ကြီးများဖြစ်အောင် အသိပညာပေးဟောပြောပွဲ ကျင်းပပေးခြင်းဖြစ်ရာ လေ့လာမှတ်သားကြရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျန်းမာခြင်းသည်အဓိကဖြစ်ကြောင်း ကျန်းမာရေးကောင်းမွန်မှ ကျောင်းမှန်မှန်တက်နိုင်ပြီး ပညာတတ်ကြီးများဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာမှုမရှိစေရန် နေထိုင်သွားကြရန်၊ တစ်ကိုယ်သန့်ရှင်းရေး၊ ကျန်းမာရေးအသိပညာပေးစာအုပ်များ ရှာဖွေဖတ်ရှုရမှာဖြစ်ကြောင်း စာအုပ်ဖတ်ခြင်းမှ ရရှိလာသော အသိပညာများကို မိမိမိသားစု၊ မိမိသူငယ်ချင်းများကို မျှဝေသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင်  ကျောင်းသား/ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)