ပန်းတောင်းမြို့နယ်၌ စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပန်းတောင်း ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုမှ (AIDS)ဗဟုသုတများကို အသုံးချ၍ HIV/AIDS ရောဂါကာကွယ်လျော့ကျရေး လုပ်ငန်းများတွင်တစ်တပ်တစ်အား ပါဝင်နိုင်ရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုသင်တန်းကျောင်း(ဆင်တဲ) ကျောင်းအုပ်ကြီး ဦးမျိုးကိုကိုမှ အဖွင့်အမှာစကား ထပ်လောင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးမှ HIV/AIDS နှင့်ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ခင်မေသိမ့်မှ ပန်းတောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် ဆောင်ရွက်လျက်ရှိသော HIV/AIDS ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအကြောင်းရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စက်မှုသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ စု‌‌စုပေါင်း(၂၀၀)တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။‌

သင်းသင်းအေး(ပြန်/ဆက်)