ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ပြုလုပ်

ပုသိမ်ကြီး ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအုပ်စု၊ လက်ကောင်းကျေးရွာ၊ ကွင်းအမှတ် (၅၂၅)၊ဦးပိုင်အမှတ် (၁၆၅)ရှိ တောင်သူ ဦးတင်ဦး၏ စမ်းသပ်မျိုးကွဲ(YSR-1)၊ စိုက်ခင်း(၁.၀၀) ဧကတွင်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ခရိုင်မြေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်လင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးရဲမင်းသောင်း၊ ခရိုင်စက်မှု လယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်ဦး၊ ခရိုင်ရေအရင်း အမြစ်ဦးစီးဌာနမှူး ဦးအောင်နိုင်ထွန်းနှင့် ခရိုင်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များဖြစ်သည့် မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမြင့်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်မြင့်၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ထင်၊ မြို့နယ်ရေအရင်းအမြစ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဇော်မင်းနှင့်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တောင်သူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ စံကွက်ရိတ်သိမ်းမှုအရ တစ်ဧကလျှင် စပါးအစို ( ၈၃.၃၃ )တင်းထွက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)