မိုင်းယောင်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အထူးကောက်ယူခြင်းကို ခရိုင်/မြို့နယ် သန်းခေါင် စာရင်းကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၉)ရပ်ကွက်ရှိ မြို့မရဲစခန်း၌လည်းကောင်း၊ မြို့နယ် ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ ရှဲန်ရွက်တည်းခိုခန်း၌လည်းကောင်း ကောက်ကွက်အလိုက် သက်ဆိုင်ရာစာရင်းစစ်၊ စာရင်းကောက်များက ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကောက်ယူဆောင်ရွက်နေမှုကို ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း