မင်းလှ အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်များသည် မြို့နယ်အတွင်း ကွင်းဆင်းကောင်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၆၆)အုပ်စု၌ ကောက်ကွက်ပေါင်း (၃၉၄)ရှိပြီး စာရင်းစစ်/စာရင်းကောက်ယူဦးရေ (၁၅၁) ဦးတို့က အဖွဲ့ (၂၈)ဖွဲ့တို့က သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပါင်းကာအောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ရပ်ကွက်ကျေးရွာများတွင် CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူသွားမည်ဖြစ်သည်။
ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက် (၆၈) ချက်တို့ကို မေးမြန်းကောက်ယူသွားမည်ဖြစ်ပြီး စာရင်းကောက်နေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းနှင့် ကော်မတီဝင်များက လှည့်လည်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပေါက်စ(မင်းလှ)