တံတားဦးမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် တိရစ္ဆာန်များအား ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိ

တံတားဦး စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများရှိ တိရစ္ဆာန်များ ကာကွယ်ဆေးများ ထိုးနှံခြင်းများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာများမှာ ကန်ချောကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာတွင် နွားကောင်ရေ (၁၂၀)ကောင်အား ပေါင်ပုပ်လက်ပုပ် ကာကွယ်ဆေးများထိုးနှံပေးပြီး (၁၇) ကောင်မှာ ထိခိုက်ရှနာဒဏ်ရာများရရှိပါကြောင်း၊ ဘလဲ့ဘကျေးရွာတွင် နွားကောင်ရေ (၈၃) ကောင်အား ပေါင်ပုပ်လက်ပုပ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သားများဘကျေးရွာတွင်  နွားကောင်ရေ (၆၃) ကောင်အား ပေါင်ပုပ်လက်ပုပ် ကာကွယ်ဆေးများထိုးနှံပေးပြီး (၁၁) ကောင်မှာ ထိခိုက်ရှနာဒဏ်ရာများရရှိပါကြောင်း၊ ဒါ့အပြင် ကန်ချောကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာတွင် နွားကောင်ရေ(၆၅)ကောင်၊ သုံး/ဆိတ်(၅၀)ကောင်၊ ဝက်(၅၀)ကောင်၊ သားများဘကျေးရွာတွင် နွားကောင်ရေ(၂၂၅)ကောင်၊ သုံး/ဆိတ်(၂၀၀)ကောင်၊ ဝက်(၁၀၀)ကောင်၊ ဘလဲ့ဘကျေးရွာတွင် နွားကောင်ရေ(၁၁)ကောင်၊ ဝက်(၂၅)ကောင်တို့ သေဆုံးကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများသို့လည်း ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ပျောက်ဆုံးပျက်ဆီးသည့် တိရစ္ဆာန် ကောင်ရေစာရင်းများကို လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)