ချမ်းမြသာစည် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ (၁၇)ရက်နေ့က အမှတ်(၂၆)၊ အခြေခံပညာ အထက်တန်းကျောင်း၊ တကောင်းသစ္စာခန်းမတွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများက မြို့ပေါ်ရပ်ကွက်များတွင် မြေပြင်လက်တွေ့ကောက်ယူခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက Mobile Tablet များအား အသုံးပြု၍ မြို့ပေါ်ရပ်ကွက်များအတွင်း လက်တွေ့ကွင်းဆင်း ကောက်ယူခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့