ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၂၉

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်း၊ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မကြာမီရက်ပိုင်းအတွင်း စတင်ဆောင်ရွက်ရမည်ဖြစ်ခြင်းကြောင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စာရင်းလွဲမှားမှုမရှိစေရေး၊ သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများကို ပေးအပ်ခဲ့ကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရမည့် စာရင်းမှာ ကျေးရွာအုပ်စု(၇၅)အုပ်စုနှင့် ရပ်ကွက်(၉)ရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး