ဝါးခယ်မ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အ-ထ-က(၁) ဒေါ်ပိုက်မိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချူပ်ရေးမှူးများ စာရေးများအား ပူးတွဲတာ၀န်ပေးအပ်ခြင်း၊ သန်းခေါင်စာရင်းပုံစံများ ဖြန့်ဝေခြင်းတို့ ပြုလုပ်ပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကိုယ်စား စာရင်းစစ် ဆရာ၊ ဆရာမများအား စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်းအင်အား(၅၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)