ကျွန်းလှ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းကောက်၊ စာရင်းစစ် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး အတွင်းရေးမှူး လဝကဦးစီးမှူး ဦးဖြိုးလျံမြတ်က သင်တန်းကပို့ချခဲ့သည့် ဘာသာရပ်ဆိုင်ရာများ၊ သင်ကြားမှုစနစ်များနှင့် အတွေ့အကြုံများ ပေါင်းစပ်ပြီး သန်းခေါင်စာရင်းမေးခွန်းများ၊ အချက်အလက်များ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အဆင့် သင်တန်းသား၊ သင်တန်းသူများအား စာရင်းကောက်၊ စာရင်းစစ် ခန့်အပ်လွှာ ပေးအပ်ပြီး အဆိုပါ သင်တန်းကို ၁၂ ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို