တောင်သာ စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းဆင်းပွဲနှင့် စာရင်းစစ်၊ စာရင်းကောက်တာဝန် ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစောလွင်မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြို့နယ်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ ဦးစောလွင်မှ သင်တန်းဆင်လက်မှတ်များအား စာရင်းစစ်/စာရင်းကောက်(၁)ဦးကိုယ်စား စာရင်းစစ် ဒေါ်ဝင်းဝင်းအေးအား ခန့်အပ်လွှာ ပေးအပ်ခြင်းနှင့် မြို့နယ်သန်းခေါင်စားရင်းကော်မတီအဖွဲ့ဝင် မြို့နယ်ပညာရေးမှူး ဦးမြင့်နိုင်မှ စာရင်းစစ်/စာရင်းကောက်(၁)ဦးကိုယ်စား စာရင်းစစ် ဦးကျော်ဆွေအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်မှ မြို့ပေါ် (၆) ရပ်ကွက်အတွင်းရှိ နေထိုင်သူများအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့ စာရင်းကောက်အဖွဲ့(၆)ဖွဲ့က စာရင်းကောက်ကွက် (၂၆)ကွက်ဖြင့် ရပ်ကွက်အလိုက် စားရင်းကောက်သင်တန်းသားများက Mobile Tablet များဖြင့် မြေပြင်လက်တွေ့ကောက်ယူခြင်းများကို မြို့မရဲစခန်းအတွင်းရှိ အိမ်ထောင်စုများကို လက်တွေ့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)