စလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ ကျင်းပ

စလင်း စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၁၁ နာရီအချိန်က စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စလင်းမြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး  ဦးနေလင်းနိုင်ကအဖွင့်အမှာစကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်နှင့်တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။ ထို့နောက်  သင်တန်းသား၊ သင်တန်းသူများကိုယ်စား စာရင်းကောက်သင်တန်းသား ဦးမြင့်ဆွေမှ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

စလင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၁၀) ရှိပြီး၊ ကျေးရွာပေါင်း(၄၁၆)ရွာ၊ ကောက်ကွက်ပေါင်း (၂၂၈) ကွက်ရှိ၍ ညစာရင်းစစ်၊ စာရင်းကောက် (၁၁၂) ဦးဖြင့်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)