ခရမ်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

ခရမ်း စက်တင်ဘာ ၂၉

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ခရမ်းမြို့နယ်၊ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ခရမ်းမြို့၊ သကျမာရဇိန်သွန်းဘုရားကြီး၏ သာသနာ့ဗိမ္မာန်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရမ်းမြို့နယ် သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက သန်ခေါင်းစာရင်းကောက်ယူခြင်းမှရရှိသော အချက်အလက်မှန်ကန်မှသာ နိုင်ငံကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့် သန်းကောင်စာရင်းလုပ်ငန်းတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါ၀င်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ၊ မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်လ၀ကဦးစီမှူး ဦးမောင်‌မောင်သန်းနှင့်အဖွဲ့၀င်များ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်း ခန့်အပ်လွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရမ်းမြို့နယ် သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် ခရမ်းမြို့နယ် သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်လ၀ကဦးစီမှူး ဦးမောင်မောင်သန်းနှင့် အဖွဲ၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ထက်ထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား / သင်တန်းသူများ၊ ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)