ကျောက်တန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက်  မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းပိတ်ပွဲအခမ်းအနား ကျင်းပ

ကျောက်တန်း စက်တင်ဘာ ၂၉

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကျောက်တန်းမြို့နယ်၊ မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်း ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉  နာရီက ကျောက်တန်းမြို့၊ အ.လ.က (မြို့မ) ကျောင်း၊ ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပိတ်ပွဲတွင် ကျောက်တန်းမြို့နယ်၊ သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်က သန်ခေါင်းစာရင်းကောက်ယူခြင်းမှ ရရှိသောအချက်အလက် မှန်ကန်မှသာ နိုင်ငံကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း စာရင်းစစ်စာရင်းကောက်များအနေဖြင့် သန်းကောင်စာရင်းလုပ်ငန်းတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါ၀င်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်၊ မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လ၀ကဦးစီမှူး ဦးဇော်နိုင်နှင့်အဖွဲ့၀င်များ၊ တာ၀န်ရှိသူများက မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်း ခန့်အပ်လွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်တန်းပိတ်ပွဲအခမ်းအနားသို့ ကျောက်တန်းမြို့နယ် သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် ကျောက်တန်းမြို့နယ် သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်လ၀ကဦးစီမှူး ဦးဇော်နိုင်နှင့် အဖွဲ၀င်များ၊ ဌာနဆိုင်ရာများမှတာ၀န်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား / သင်တန်းသူဆရာ/ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

နေလင်းကျော်(ပြန်ဆက်)