ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) ဒုတိယအကြိမ် ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပန်းတောင်း စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်သော ညောင်ပင်သာကျေးရွာနှင့် ဝါးတိုက်မြောင်ကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) ဒုတိယအကြိမ်ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်မှူးဒေါက်တာမြခဲက အဖွင့်အမှာစကားပြောကြားပြီး မြစိမ်းရောင်(အသားကဏ္ဍ) ပထမအကြိမ် သိန်း (၃၀၀) ကျပ် ရန်ပုံငွေပေးအပ်၍ အတိုးငွေကျပ် (၁၀၂) သိန်းရရှိကာ အရင်းနှင့်အတိုးပေါင်း၍ ဒုတိယအကြိမ် ငွေကျပ် (၄၀၂) သိန်း ထပ်မံ၍ ရန်ပုံငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်မှူးဒေါက်တာမြခဲ၊ ပြည်မြို့နယ်မှူး ဒေါက်တာသန်းဇော်ဦး၊ ပန်းတောင်းမြို့နယ်မှူး ဒေါက်တာရွှေရည်ထူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား (၅၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)