စစ်ကိုင်း စက်တင်ဘာ ၂၈
စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က စာရင်းစစ်၊ စာရင်းကောက်များအနေနဲ့ လက်တွေ့သန်းခေါင်စာရင်းကောက်ယူတဲ့အချိန်မှာ ဖြေဆိုသူတွေ မကြိုက်နှစ်သက်တဲ့ စကားအသုံးအနှုန်းများ မသုံးမိကြစေဖို့ မေးခွန်းများကို မေးမြန်းရာမှာ လိမ္မာပါးနပ်စွာ မေးမြန်းကြဖို့ အထူးမှာကြားလိုကြောင်း၊ ဒီသင်တန်းကပို့ချခဲ့တဲ့ ဘာသာရပ်ဆိုင်ရာများ၊ သင်ကြားမှုနည်းစနစ်များကို မိမိတို့ရဲ့အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး သန်းခေါင်စာရင်းမေးခွန်းများပါအချက်အလက်များကို မှန်မှန်ကန်ကန်ရရှိနိုင်အောင် မေးမြန်းစာရင်းကောက်ကြဖို့လိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာတဲ့အချက် အလက်မှန်ကန်မှသာ နိုင်ငံရဲ့ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သော စစ်ကိုင်းမြို့နယ်မှ ဆရာ/ ဆရာမ(၆)ဦးတို့မှ စာတွေ့/ လက်တွေ့ပို့ချခဲ့တာဖြစ်ပြီး မြို့နယ်အဆင့် သင်တန်းသား/ သင်တန်းသူ (၁၃၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်