ပခုက္ကူ စက်တင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းသမိုင်းကျဉ်း၊ သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များ၊ ဖွင့်လှစ်ပြီးစီးသည့် သင်တန်းအမျိုးအစားများ၊ သင်တန်းကာလအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးနေမှုများ၊ ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်းတို့ကို PowerPoint ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်မျာ းပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ သင်တန်းသူများကိုယ်တိုင် ဒီဇိုင်းရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ သင်တန်းကာလခြောက်လကြာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်ပညာရပ်များကို အခြေခံမှစတင်ကာ ကိုယ်တိုင်ဒီဇိုင်းရေးဆွဲချုပ်တတ်သည်အထိ စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)