ကွန်ဟိန်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဟိတကာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ကသင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးကျော်သူဝင်းတို့က မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်အဆင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများနှင့် စာရင်းစစ်၊စာရင်းကောက် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန် / ဆက် )