ကျိုက်လတ် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာ အချက်အလက်မေးခွန်းများစသည့် ဘာသာရပ်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်ကြီးကြပ်၍ တာဝန်ရှိသူများနှင့် နည်းပြ ဆရာ၊ ဆရာမ (၁၃) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၁၆၂) ဦးအား စာတွေ့သင်ကြားခြင်းနှင့် မြေပြင်တွင် ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားဆောင်ရွက်ပေးလျက်ရှိပြီး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၅)ရက်နေ့အထိ စာရင်းကောက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)