လဲချားမြို့နယ်တွင် စာနာသောလက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ TCRC ဆိုင်ရာ ဗဟုသုတမျှဝေခြင်း ဆွေးနွေးပွဲပြုလုပ်

 လဲချား စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊  လဲချားမြို့နယ်တွင် ဟိုပုံးမြို့အ​ခြေပြု စာနာသောလက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ TCRC ဆိုင်ရာဗဟုသုတမျှဝေခြင်း ​ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သီရိဟံသာခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

 အခမ်းအနားတွင် ရှေးဉီးစွာ ဟိုပုံးမြို့အခြေပြု စာနာသောလက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ဉက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင်တစ်ဉီးမှ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဉီးအောင်မြတ်သူမှ ကလေးသူငယ်ဆိုင်ရာ​ဉပဒေအကြောင်းအားလည်းကောင်း၊ လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒေါ်ဝတ်ရည်ထွန်းမှ ကလေးသူငယ်ဆိုင်ရာဗဟုသူများအားလည်းကောင်း၊ ဒေါ်နန်းခမ်းလှိုင်းမှ မူကြိုတည်ထောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာအားလည်းကောင်း၊ ကျေးရွာကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တာဝန်ခံမှ အထွေထွေဆွေးနွေးခြင်းများအားလည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောပြည်သူများမှ သိရှိလိုသည့်မေးခွန်းများအပေါ် အခန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 လဲချား (မြို့နယ် ပြန်/ဆက်)