မြို့သစ်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ (၃၂၃၁၇) ဦးခန့် ပညာသင်ကြားလျက်ရှိ

မြို့သစ် စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသား/ကျောင်းသူ (၃၂၃၁၇) ဦးခန့် တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၉၀) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း စုစုပေါင်း (၁၉၂) ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀၅၆၉) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၈၅၆) ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၈၉၂) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၂၃၁၇) ဦးခန့် တက်ရောက် ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)