စဉ့်ကိုင်မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း(၈) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

စဉ့်ကိုင် ‌စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ ဇော်ဂျီမြစ်၊ပန်း‌လောင်မြစ်နှင့် ဒုဌဝတီမြစ်ရေလျှံတက်မှုကြောင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် စာသင် ကျောင်း(၈)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေ‌ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ခံရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့်အဖွဲ့ဝင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဟန်နှင့် ရေဝင်‌ရောက်နစ်မြုပ်ခဲ့သည့် စာ‌သင်ကျောင်း (၈)ကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ ရေဘေးသင့်ပြည်သူများအတွက် ‌လှူဒါန်းငွေနှင့် ထောက်ပံ့ပစ္စည်းလက်ခံရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများက ‌မြို့နယ်အတွင်းရှိ ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာ စာအုပ် (၅၀၀)ဒါဇင်၊ Power  အကြမ်းစာအုပ် (၄၅၀)ဒါဇင်၊ ဒေါက်ချွန် (၂၇၅)ဘူး၊ Joyko ခဲတံ(၃၂၅) ဒါဇင်၊  Comet (၃၀)ချောင်းပါ ဘောပင်ဘူး (၁၀၀)ဘူး၊ (၁၂)လက်မပေတံ (၁၃၀)ဒါဇင်၊ စုစုပေါင်းစာရေးကိရိယာ (၆)မျိုး၏ တန်ဖိုး (၅၄၃၄၀၀၀) ကျပ်ဖိုး ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် ‌စာသင်ကျောင်း (၈) ကျောင်း(ကိုယ်စား) အ.ထ.က(ခွဲ)(စော်ရဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)