နတ်မောက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက် သင်တန်းပို့ချနေမှုအား ကြည့်ရှု

နတ်မောက် စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းပို့ချနေမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ လူဦးရေဆိုင်ရာ အချက်အလက်များ၊ မေးခွန်းများနှင့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းများ စသည့်သင်ကြားပို့ချနေမှု အခြေအနေများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိတို့က သွားရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

လှဝင်း