မိုင်းကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းပို့ချမှုအား မြို့နယ်အဆင့် သန်းခေါင်းစာရင်းကော်မတီတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး

မိုင်းကိုင် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သင်ကြားပို့ချပေးလျက်ရှိရာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက ခရိုင်အဆင့်၊ မြို့နယ်အဆင့် သန်းခေါင်းစာရင်းကော်မတီတာဝန်ရှိသူများက သင်တန်းပို့ချနေမှုများကို ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

သင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများ၊ တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ လူဦးရေဆိုင်ရာအချက်အလက်များ၊ မေးခွန်းများနှင့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အသေးစိတ်သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းပို့ချမှုအခြေအနေများကို ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများအား လုပ်ငန်းဆိုင်ရာများ ဆွေးနွေးခြင်း၊ လုပ်ငန်းအဆင်ပြေချောမွေ့စေရေး လိုအပ်သည်များ ဖြည့်စွက်မှာကြားခြင်းများ  ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ (၄)ဦးဖြင့် (၁၆.၉.၂၀၂၄) ရက်နေ့မှ (၂၇.၉.၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၆)ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ချော(မိုင်းကိုင်)