ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် စားအုန်းဆီများ ထောက်ပံ့ပေးအပ်

ဟိုပုံး စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် မြေပြိုမှုများ၊ လူနေအိမ်များ၊ လမ်း/တံတားများ ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့ကြောင့် စေတနာရှင် အလှူရှင်များဖြစ်ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုကုန်သည်များအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုကုန်သည်များအသင်းချုပ်(ဘုရင့်နောင်ကုန်စည်ဒိုင်)တို့၏ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းပို့ကုန် ကုမ္ပဏီများပူးပေါင်း၍ လှူဒါန်းသည့် စားအုန်းဆီ (၅၀) ကျပ်သားပါ (၁၀၀၅)ဗူး (၅၀၂.၅) ပိဿာတို့ကို တာဝန်ရှိသူများက ခိုခြဲကျေးရွာဘုန်းတော်ကြီး‌ကျောင်းတွင် မဲနယ်တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများအား စားအုန်းဆီများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)