မင်းလှမြို့၌ မိုးစပါးတင်း (၁၀၀) အထက် အထွက်နှုန်းရရှိရေးစံကွက်ရိတ်သိမ်း

မင်းလှ စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ ၂၀၂၃-၂၀၂၄ မိုးရာသီတွင် မိုးစပါးတင်း(၁၀၀)အထက် အထွက်နှုန်းရရှိရေး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က သင်အိုင်ကျေးရွာနှင့် ကိုင်းပြင်ကြီးကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။

စံကွက်ရိတ်သိမ်းခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများက သင်အိုင်အုပ်စု၊ သင်အိုင်ကျေးရွာ‌ကွင်းအမှတ်(၇၇၄)၊ ဦးပိုင်အမှတ်၁၂၇/၂ (သင်အိုင်ကွင်း) တောင်သူဒေါ်လဲ့လဲ့ထိုက်၏ လယ်မြေ(၈)ဧက၌ Drum Seeder ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဆင်းသုခမျိုးအား တောင်သူများနှင့်ပူးပေါင်း၍ စံကွက်ရိတ်သိမ်းကြရာ တစ်ဧက(အစိုတင်း)အထွက်နှုန်း(၁၂၆.၁၅) တင်း၊ အခြောက်ထွက်နှုန်း(၁၁၆.၂၅)တင်း ထွက်ရှိခဲ့သည်။

ထို့နောက် ကိုင်းပြင်ကြီးအုပ်စု၊ ကိုင်းပြင်ကြီးကျေးရွာကွင်းအမှတ်(၇၈၀)၊ ဦးပိုင်အမှတ် ၂၅ (ကိုင်းပြင်ကြီးကွင်း) တောင်သူဦးဖိုးလပြည့်၏ လယ်မြေ (၆) ဧက၌ Drum Seeder ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဆင်းသုခမျိုးအား တောင်သူများနှင့် ပူးပေါင်း၍ စံကွက်ရိတ်သိမ်းကြရာ တစ်ဧက(အစိုတင်း)အထွက်နှုန်း(၁၂၀.၄၅)တင်း၊ အခြောက်ထွက်နှုန်း(၁၁၀.၄၅)တင်း ထွက်ရှိခဲ့သည်။

မင်းလှမြို့နယ်တွင် မိုးစပါးဧက (၇၆၁၄၁) စိုက်ပျိုးထားရှိကြောင်း မိုးစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ