အုတ်တွင်းမြို့နယ်အတွင်း ရေဘေကယ်ဆယ်ရေးစခန်းအသီးသီးရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

အုတ်တွင်း စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အုတ်တွင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးရှိ ရေဘေးသင့်ပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာထွေးနှင့် ဝန်ထမ်းများက ထောက်ပံ့ငွေများ ပေးအပ်ရာ ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ငွေကျပ် ၄၂၀၀ နှုန်းဖြင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ အုတ်တွင်းမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၈ ခုရှိရေဘေးသင့် ပြည်သူအိမ်ထောင်စု ၁၃၇၃ စု၊ လူဦးရေ ၄၉၆၈ ဦးအား ငွေ ကျပ် ၂၀၈၆၅၆၀၀ အားထောက်ပံ့ပေးခဲ့ပါကြောင်းနှင့် အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင်မြို့နယ်​စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများ၊ ရေဘေးကယ်ဆယ်ရေးစခန်းကြီးကြပ်တာဝန်ကျဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးထံမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)