ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦး‌ရေနှင့်အိမ်အ‌ကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်သင်ကြားပေးနေမှုအားကြည့်ရှု

ဝမ်းတွင်း စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌   ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုများကို ယမန်နေ့က မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အတွင်းရေးမှူး ဦးစိုးမင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးသင်တန်းတွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးစီမံချက်များ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်များ၊  စာရင်းကောက်အဖွဲ့များ၏ အခန်းကဏ္ဍများနှင့် ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းကောက်မြေပုံများ၊ အိမ်အကြောင်းအရာ မေးခွန်းများ၊ လူဦးရေဆိုင်ရာအချက် အလက်မေးခွန်းများ၊  စသည့်ဘာသာရပ်ဆိုင်ရာများကို နည်းပြဆရာများ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အဆိုပါ လူဦးရေနှင့်သန်ခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို စာရင်းကောက်အဖွဲ့များက အောက်တိုဘာလ()ရက်မှ (၁၅) ရက်နေ့အထိ စာရင်းကောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်ခေါင်စာရင်း ကောက်ယူရေးကော်မတီအတွင်းရေးမှူး ဦးစိုးမင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)