ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ စာအုပ်/စာပေ ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေး

ကျိုင်းတုံ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ဝန်ထမ်းများက ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဗဟုသုတများ ရရှိစေရန်နှင့်  စာအုပ်၊ စာပေ လွယ်လင့်တကူဖတ်ရှုနိုင်ရန် သုတ၊ ရသ စာအုပ် (၂၀၀) ကို အခမဲ့ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အောင်ဇင်မြင့်(ပြန်/ဆက်)