ဝမ်းတွင်းမြို့နယ်တွင် ရေဘေးသင့်ကျေးရွာများ၌ ပျက်စီးသွားသော လျှပ်စစ်မီးတိုင်များအား ပြုပြင်ပြီးစီး၍ လျှပ်စစ်မီးများ ပြန်လည်ရရှိ

ဝမ်းတွင်း စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း (၁၁.၉.၂၀၂၄)ရက်နေ့မှ (၁၄.၉.၂၀၂၄)ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ တချို့သောကျေးရွာများတွင် သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များ ပြိုလဲပျက်စီးသွားခဲ့ပြီး  မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ပျက်စီးသွားသော လျှပ်စစ်မီးတိုင်များ ပြုပြင်ပြီးဖြစ်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး စမုံချောင်းရေမြင့်တတ်လာမှုကြောင့် ကူမဲမြို့၊ သာလွန်ကျေးရွာ၊ မြို့ဝင်ဂိတ်အနီး ဝမ်းတွင်းမြို့နယ်အပိုင် ၃၃ကေဗွီ၊ ကူမဲ-ရွှေတောင်လိုင်းမှ ၁၂မီတာ ကွန်ကရစ်တိုင်()တိုင် ရေတိုက်စား၍ ကျိုးပဲ့ယိုင်နဲ့သွားပြီး ဓာတ်အားပြတ်တောက်လျက်ရှိရာ ၎င်းပျက်စီးမှုအား ဝမ်းတွင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ ဒုမြို့နယ်လျှပ်စစ်မန်နေဂျာတို့ ဦးဆောင်၍ လိုင်းဝန်ထမ်းများဖြင့် အချိန်နှင့်တပြေးညီပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး (၂၂..၂၀၂၄)ရက်နေ့တွင် ပြုပြင်ပြီးစီးပြီးဖြစ်၍ ဝမ်းတွင်းမြို့နယ် ၃၃/၁၁ကေဗွီ()အမ်ဗွီအေ ရွှေတောင်ခွဲရုံအထိ ဓာတ်အားများလက်ခံရယူပြီး ရွေတောင်ခွဲရုံနှင့် ၃၃ကေဗွီ ကူမဲ-ရွေတောင်လိုင်းတစ်လျှောက် ဓာတ်အားဖြန့်ဖြူးပေးထားသော ကျေးရွာ(၄၀) အနက် ရေဝင်နစ်မြုပ်ခဲ့သောကျေးရွာ()ရွာအား လျှပ်စစ်အန္တရယ်ကင်းရှင်းစေရေး အလေးထားစစ်ဆေးဆောင်ရွက်ပြီး ဓာတ်အားများဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကျေးရွာများအား အလှည့်ကျစနစ်ဖြင့် ပုံမှန်အတိုင်း  ဓာတ်အားများဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)