ခန္တီးမြို့နယ် လာဝယ်ကျေးရွာတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း

ခန္တီး နိုဝင်ဘာ  ၁၅

ကိုဗစ်- ၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ဆင်းဧကရီ (၃) မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား ၆၆ ပေပတ်လည် စံကွက်ရိတ်သိမ်းခြင်းနည်းလမ်းဖြင့် အထွက်နှုန်းတိုင်းတာခြင်းကို နိုဝင်ဘာ ၁၃ ရက် နေ့လယ်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် အောင်မြေအုပ်စု၊ လာဝယ်ကျေးရွာတွင် တောင်သူ ဦးငွေသောင်း၏ စိုက်ကွင်းအမှတ်(၁၆)၊ ဦးပိုင်အမှတ်(၂၃)၊ စိုက်ဧက(၂)တွင် စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင်  ၉၅ တင်းနှုန်းခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်ထမ်းများ၊ တောင်သူများ ပူးပေါင်း၍ ရိတ်သိမ်းခဲ့ကြောင်းနှင့် ခန္တီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် ၃၅ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင် ထံမှ သိရသည်။

စနေမောင်မောင် (ခန္တီး)