ဝါးခယ်မ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၈၀၀၀ ကျော်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄၅ အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၂၈၅၈၉)စု ရှိပြီး နိုင်ငံတော် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလတွင် စားဝတ်နေရေးအဆင်ပြေ စေရန် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို စတုတ္ထအကြိမ် အဖြစ် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ် ကြောင်း၊ ရပ်ကွက်၊ ကျေးရွာတွင် အမှန် တကယ်နေထိုင်သော ပြည်သူလူထု လက်ဝယ်အရောက် ကြန့်ကြာမှုမရှိစေဘဲ ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ (၅၇၁၇၈၀၀၀၀)ကျပ် ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခြေခံလူတန်းစားများ လက်ဝယ်ရရှိစေရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက နယ်မြေအလိုက် ကြီးကြပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)