ကော့ကရိတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအဖွဲ့မှ ကာကွယ်ရေးသုံးပစ္စည်းများထောက်ပံ့ပေးခြင်းနှင့် လိုအပ်သည်များပူးပေါင်းဆောင်ရွက်

ကော့ကရိတ် နိုဝင်ဘာ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့သည် နိုဝင်ဘာလ ၁၃ရက်နေ့နံနက်ပိုင်း က မြို့နယ်အတွင်းရှိ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာကျေးရွာများတို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကုသရေးပေါင်းစပ်ဆွေးနွေးခြင်းနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကျော်ထိုက်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဌေးရွှေ တို့ပါဝင်သော မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များ သည်ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရောဂါကြိုတင်ကာကွယ်ရေး၊ ကုသရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ (၅၀)ဘူး၊ PPE ဝတ်စုံ ၂၂စုံ၊ Mask (၁၅)ဘူး၊ လက်အိတ် (၃)ဘူး၊ ပိုးသတ်ဆေး(၅) ဂါလံ(၁)ပုံး၊ ဟန်းဂျယ်(၁၈)ဘူးပါ (၃)ဖာတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆေးရုံများ၌ နိုဝင်ဘာ(၁၃)ရက်နေ့ထိ ပိုးတွေ့ရှိလူနာ (၅၀)ဦး၊ ဆေးရုံမှဆင်းခွင့်ပြု (၂၉)ဦး၊ ဆေးရုံတက်ရောက်ကုသဆဲ (၂၁)ဦးရှိပြီး ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာကျေးရွာတို့မှ ဆေးရုံတက်ရောက်ဆဲ ကိုဗစ်ပိုးတွေ့လူနာ (၁၀)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်၊ ပြန်/ဆက်)