၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

လဲချား နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန် မြို့နယ်ရဲတပ်ဖွဲ့ ဓမ္မာရုံတွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင် မဲရုံ (၃၆)ရုံတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အထူးရဲ (၃၆)ဦး အား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို တစ်ဦးချင်းစနစ်တကျ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လွှမ်းသူနောင် (ပြန်/ဆက်)