တုံတာမြို့၌ ဆုံဆို့နာကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေး

 

တုံတာ              နိုဝင်ဘာ           ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ဆုံဆို့နာကာကွယ်ဆေးအပါအဝင် အမီလိုက် ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး များကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် တုံတာမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ က အိမ်ထောင်စုအလိုက် စာရင်းရေးသွင်းကောက်ယူလျက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ဆုံဆို့နာနှင့်အမီလိုက် ကာကွယ်ဆေးမှာ အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အောက် ကလေးငယ်များအား တတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးမှာ အသက် ၉ နှစ်မှ ၁၀ နှစ်ကြား ကလေးငယ်များအား ပထမအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်‌ဆေးထိုးနှံပေးခြင်းကို တုံတာမြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာစုရပ် နေရာများ၌ အောက်တိုဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆုံဆို့နာကာကွယ်ဆေးနှင့် အမီလိုက်ကာကွယ်ဆေးထိုးနှံသူ ကလေးငယ် (၁၄၄)ဦး၊ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံသူ ကလေးငယ်(၁၄)ဦး ရှိကြောင်း  တုံတာ မြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)