ကရင်ပြည်နယ် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး မြဝတီမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

မြဝတီ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့်အတူ ဌာနဆိုင်ရာများသည် မြဝတီမြို့တွင် ဆောင်ရွက် လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသစ်၊ အကောက်ခွန်ဦးစီးဌာ ဝန်ထမ်းအိမ်ယာ၊ အာဇာနည်ခန်းမ ဆောင်ရွက်နေမှုများ၊ မြဝတီမြို့တော်ခန်းမ တည်ဆောက်ရန် မြေနေရာ၊ မကြာမီဖွင့်လှစ်တော့မည့် စိမ်းလဲ့မြိုင်-အဝေးပြေးကားဝင်း ပြင်ဆင်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

မြို့တော်ခန်းမ ဆောက်လုပ်ရန်လျာထား သတ်မှတ်ထားသည့်နေရာမှာ မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်၊ မြေနီကုန်း လမ်းဆုံ အနီးရှိ မြေဧရိယာ(၁)ဧကခန့်နှင့် မြို့တော်ခန်းမအနီး ဧည့်ရိပ်သာဆောက်လုပ်ရန် အဆိုပြုမြေဧရိယာ(၁)ဧက ခန့်တို့အား လျာထားကြောင်း၊ မြို့တော်ခန်းမကို အလျား(၁၂၀)၊အနံ(၈၀)၊အမြင့်(၂၂)ပေ ခန့်ဖြင့် ခေတ်မီပြီး နိုင်ငံတကာ အဆင့်မီ တည်ဆောက် မည်ဖြစ်ကာ ငွေကျပ်သိန်း (၅၀၀၀)ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)