ပူတာအိုမြို့နယ်၌ CERP အစီအစဉ်ဖြင့် FS to RS မျိုးသန့်ပွားမျိုးစေ့ထုတ်မိုးစပါးစိုက်ပျိုးထားသည့် စံကွက် ရိတ်သိမ်း

 

ပူတာအို နို၀င်ဘာ ၁၅

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေးကုစားမှု Covid-19 Economic Relife Plan(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော FS to RS မျိုးသန့်ပွားမျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက် မတ်ပန်ကွင်း တောင်သူ ဦးချန်းဖေရမ်၏လယ်ကွင်း၌ဆောင်ရွက်သည်။

ပူတာအိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၀ပြည့်နှစ် မိုးစပါးရာသီ၌ ကိုဗစ်−၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP) ၏ ထောက်ပံ့မှုအနေဖြင့် ပူတာအိုမြို့နယ် ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်း တောင်သူ(၆)ဦး၏လယ်(၁၀)ဧကတွင် မျိုးစေ့ထုတ် ဆင်းဧကရီ-၃ FS to RS မျိုးစေ့ထုတ် စံပြကွက်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါမျိုးစေ့များကို ဝိုင်းမော်မြို့နယ် ဝါရှောင်မျိုးသန့်မျိုးစေ့ ထုတ်ခြံမှရရှိခဲ့ကြောင်း၊ ယခုနှစ်မျိုးစေ့ထုတ်စိုက်ခင်းမှရရှိလာသည့် မျိုးစေ့များအား မိုးစပါးရာသီ၌ တောင်သူ များအားဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေး ထံမှသိရသည်။

ယင်း ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ အစိုထွက်တစ်ဧက အထွက် နှုန်း(၇၉.၆၉)တင်း ထွက်ရှိသည်။ အဆိုပါထွက်ရှိလာမည့် မျိုးစပါးများအား မျိုးစေ့အရည်အသွေးစစ်ဆေးပြီး အထွက်နှုန်းကောင်း၍ အရည်အသွေးမှန်ကန်သောမျိုးများအား လာမည့်နှစ် မိုးစပါးရာသီ၌စပါးစိုက်တောင် သူများအားဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါမိုးစပါးဆင်းဧကရီ-၃(FS to RS)စံကွက်ရိတ်သိမ်းမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ပြည် နယ်လွတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေးနှင့်မြို့ နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေး၀န်ထမ်းများ၊ ဒေသခံတောင်သူများပူး ပေါင်း၍ တောင်သူ ဦးချန်းဖေရမ်၏ မျိုးသန့်ပွား၊မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းရိတ်သိမ်းမည့် လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ရိတ်သိမ်းချွေလေ့ထားသောစပါးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)