ရှမ်းရွာသစ် နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်မှစ၍ ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီးနောက် ရင်းဘိုင်းကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၄၃) စုတို့အတွက် တစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၈၆၀၀၀၀/-)ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုတို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း (၁၆၇၉)စုရှိရာ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အလုပ်အကိုင်အခက်အခဲဖြစ်ခဲ့မှုအပေါ် မိသားစုစားဝတ်နေရေး အဆင်ပြေ စေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
ဇင်လေး(ပြန်/ဆက်)