ပင်စိမ်းကင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 

ရေဦး   နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ‌၊ရေဦးမြို့နယ် ပင်စိမ်းကင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသောလုပ်ငန်းများအား ယမန်နေ့နံနက်(၈)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရေဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသောကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၆)ရွာ၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပင်စိမ်းကင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းငွေကျပ်သိန်း(၃၀၀)ကို ‌၂၀၁၉ခုနှစ် ဩဂုတ်လ (ဒုတိယပတ်)က စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၂၂)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၄၅)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ(၄)ဦး စုစုပေါင်း(၁၇၁)ဦး ကိုထုတ်ချေးပေးခဲ့ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအေး ထံမှသိရသည်။

ထိုပင်စိမ်းကင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ဆောင်ရွက်ရန်တင်ပြထားသည့် လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်မှု ရှိ/မရှိနှင့် လုပ်ငန်းကိုင်ညီမှု ရှိ/မရှိတို့ကို မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထွန်းမြင့်အောင်(ရွှေဘို)