မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းကွက်များတွင် မျိုးကွဲနုတ်ပယ်ခြင်းနှင့် ပိုးမွှား၊ ရောဂါကျရောက်မှု ရှိမရှိ တတိယအကြိမ်ကွင်းဆင်းစစ်ဆေး

 

ကောလင်း နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ် ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်သူဇာဌေး၊ ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်း၊မြေ၊မျိုး၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဇာခြည်ဦး၊  မြို့နယ်ရုံးမှ ဝန်ထမ်းများသည် မင်းတဲကြီးကျေးရွာမှ ဦးဇော်လတ်နှင့် ဇီးခုံကျေးရွာ ဦးကျော်ညွှန့် တို့၏  CERP မျိုးစေ့ထုတ်ကွက်များသို့ ယမန်နေ့ နံနက်ပိုင်းက မျိုးကွဲ နုတ်ပယ်ခြင်းနှင့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှု ရှိမရှိ တတိယအကြိမ် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ကောလင်းခရိုင်အတွင်း  CERP အစီအစဥ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် ကောလင်းမြို့နယ်တွင် ၄၅၀ဧက၊ဝန်းသိုမြို့နယ်တွင် ၂၅၀ဧက၊ပင်လည်ဘူးမြို့နယ်တွင် ၃၅၀ဧက စုစုပေါင်း ၁၀၅၀ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)