ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား(စတုတ္ထအကြိမ်) ထောက်ပံ့ငွေပေးအပ်

 

ပလောက်  နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ အမှတ်(၁)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲအချိန်ခန့်က ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊ ရွှေသီလာရတနာ ခန်းမ ၌ ပြုလုပ်ခဲ့သည်။

 ထိုသို့ပေးအပ်ရာတွင် ပုလောမြို့နယ် ၊ လမ်းဦးစီးဌာနမှ  ဦးဆောင်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စာရေးနှင့်အဖွဲ့ဝင်များ က ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (၄၇၂)စု အတွက်အိမ်ထောင်စုတစ်စုလျှင် ငွေ(၂)သောင်းကျပ်နှုန်းဖြင့် ငွေကျပ်(၉၄၄၀၀၀၀/-)ကျပ်အား ပြည်သူများ လက်ဝယ်အရောက် ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်    (ပလောက်ပြန်/ဆက်)