ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်​ထောင်စုများအား နိုင်ငံတော်အစိုးရ မှထောက်ပံ့သည့် (စတုတ္ထအကြိမ်)ထောက်ပံ့ငွေများ ပေးအပ်


ကမမောင်း နိုဝင်ဘာ ၁၅


ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦး ကျော်စိုး၊ပြည်နယ်ရဲမှူးကြီး သန်းဝင်းတို့နှင့်အတူ ယမန်နေ့နံနက်( ၉)နာရီအချိန်က ကမမောင်းမြို့၊ အမှတ်(၄)ရပ်ကွက် ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဝိဇာတဓမ္မာရုံ ခန်းမသို့ ရောက်ရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်​ထောင်စုများအား နိုင်ငံတော်အစိုးရမှ​ထောက်ပံ့သည့် (စတုတ္ထအကြိမ်) ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


အဆိုပါအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်​ထောင်စုများအား နိုင်ငံတော်အစိုးရမှ တစ်အိမ်​ထောင်လျှင်ငွေကျပ်(၂၀၀၀၀)ထောက်ပံ့ပေးနေသည်မှာ စတုတ္ထ အကြိမ်မြောက် ရှိပြီဖြစ်ပါ ကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ကြရန်အတွက် နေအိမ်မှအပြင်သို့ထွက်တိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်ကြစေလိုကြောင်း၊ အရာဝထ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန် လိုကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များကို လေးစားလိုက်နာကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ကမမောင်းမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်​ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် (စတုတ္အကြိမ်)ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသည့် အခြေခံလူတန်းစားအိမ်ထောင်စု(၁၁၀)စုအား တစ်အိမ် ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ကမမောင်းမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၉၂၆)စုအတွက် စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၈၅၂၀၀၀၀)ကို နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဥူးကုသလအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


လင်းသန့်(ပြန်/ဆက်)