မိုးနဲ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူးကျင်းပပြုလုပ်သည့် ကြက်ခြေနီဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးကော်မတီဥက္ကဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မျိုးထက် နှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးတိုးလှတို့က အမှာစကား အသီးသီး ပြောကြားခဲ့သည်။
စာစီစာကုံးပြိုင်ပွဲကို ကြက်ခြေနီ ၊ရှေးဦးပြုစုခြင်း ၊လူငယ်ကြက်ခြေနီများ ၊ Red Cross Youth Essay ခေါင်းစဉ်များဖြင့် မြန်မာ၊ အင်္ဂလိမ် နှစ်မျိုးဖြင့် ကျင်းပခဲ့ရာ မိုးနဲမြို့နယ်အနေဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင် လေးဦးဝင်ရောက်ဖြေဆိုခဲ့သည်။
အဆိုပါ ကြက်ခြေနီဆိုင်ရာ စီစာကုံးပြိုင်ပွဲကို ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ဘဝအတွေ့ အကြုံများ၊ကူညီဆောင်ရွက်ခဲ့စဉ် ရင်ဆိုင် ဖြေရှင်းရသည့် မှတ်မှတ်ရရဖြစ်ရပ်များ ၊ကြက်ခြေနီ၏ ကူညီမှုများအပေါ် ယုံကြည်သက်ဝင်ကာ ကြက်ခြေနီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပြည်သူများနှင့် မိမိတို့ယုံကြည်ခံစားရသော အဖြစ်အပျက်များကို ပေါ်လွင်ထင်ရှားစွာဖော်ထုတ်နိုင်ရေး ၊လူငယ် ကြက်ခြေနီများ၏ စွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုများကို ပေါ်လွင်ထင်ရှားစွာ ဖော်ထုတ်နိုင်ရေးအတွက် ပြိုင်ပွဲများကျင်းပ ရခြင်း ဖြစ်ကြောင်းနှင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ၊ဒုတိယဥကဋ္ဌ ၊ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)