ဗိုလ်တထောင်မြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လက်ဝယ်ရာအ‎ရောက် ထောက်ပံ့ပေးအပ်

ဗိုလ်တထောင် နိုဝင်ဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ စတုတ္ထ အကြိမ်ထောက်ပံ့လျက်ရှိရာယမန်နေ့ နံနက်()နာရီက အမှတ်()ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၅) စုအတွက် ထောက်ပံ့ငွေကျပ် (၈၂) သိန်းကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများကို အမှတ်() ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသူရစိုးတို့က အခြေခံလူတန်းစား အိမ်ထောင်စုများအား လက်ဝယ်အရောက် ပေးအပ်ပြီး၊ ကိုယ်တိုင်လာရောက် မယူနိုင်သူများအား၊ အိမ်တိုင်ရာရောက်သွား ရောက်ပေးအပ်ခဲ့သည်။ ထောက်ပံ့ငွေရ ရှိသည့်ဒေါ်ထွေးထွေးအေးက ယခင်ကတစ်ခါမှမရ ရှိခဲ့ကြောင်း၊ စတုတ္ထ အကြိမ်ထောက်ပံ့ရာတွင် နောက်တိုးစာရင်း၌ပါရှိ၍ ထောက်ပံ့ငွေရ ရှိသည့် အတွက် ကျေးဇူး တင်ဝမ်းသာကြောင်း ပြောကြားသည်။

အမှတ် () ရပ်ကွက်တွင် ထပ်တိုးအိမ်ထောင်စု (၁၅) စုရှိသောကြောင့် (၂၀၅) စုအားလုံးအား ၄၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)