စေတုတ္တရာမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection) ဆောင်ရွက်

စေတုတ္တရာနိုဝင်ဘာ  ၁၄

မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ  စိုက်ပျိုးထားသော မွန်ဇော်ကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ်စိုက်ခင်း (၃၇)ဧကတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းများ  ကွင်းဆင်းစစ်ဆေးခြင်း(Activities of Field Inspection) ဆောင်ရွက်ရာတွင်  မွန်ဇော်ကျေးရွာအုပ်စုရှိ တောင်သူများ၏ ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း (၃၇)ဧကတွင် ပင်ပွားကျာဘမ်းယူခြင်း၊ မျိုးကွဲရှိ/မရှိ စစ်ဆေးခြင်း၊ မှိုသီးရောဂါကျရောက်သော အပင်အနှံ များ ရှိ/မရှိ စစ်ဆေးခြင်းနှင့်ပေါင်းမြက်များ ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများနှင့် စိုက်ခင်းတောင်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းများ မှာ အောင်မြင်ဖြစ်ထွန်း လျက် ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ထုတ်စိုက်ခင်းများ တွင် မျိုးကွဲနုတ်ပယ်ခြင်းများ၊ အပင်ဖြစ်ထွန်းမှု အခြေအ နေများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် မျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်ခြင်း  ဖြင့် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ခြင်း၊ ထွက်ရှိလာသည့်ဆန်အရည်အသွေး ကောင်းမွန်ခြင်း၊ ဈေးကောင်းရရှိ ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)