လက်ပံတန်း နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်သို့ အထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာရန် လာရောက်ခဲ့သော အာရှကွန် ယက်အဖွဲ့မှ ဖိလစ်ပိုင် နိုင်ငံသူနှင့် စကားပြန်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ် ရယူစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ပိုးတွေ့အတည် ပြုသူများနှင့် ထိတွေ့ခဲ့သော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ မြို့မရပ်ကွက် ကော် မရှင်ရုံးမှအဖွဲ့ဝင်များ၊ Royal Pine Hill Hotel တွင်ထိတွေ့သူများ စုစုပေါင်း ၂၅ဦးအား နိုဝင်ဘာလ ၁၁ရက်နေ့က RDT ဖြင့်စစ်ခဲ့ရာ အားလုံးတွင် ပိုးမတွေ့ရှိကြောင်းနှင့် ယခုဒုတိယအကြိမ်စစ်ဆေးသည့် နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ်တို့ကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL) သို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
ဝင့်နန္ဒာဌေး