ဝန်းသိုမြို့နယ်၊ အောင်းပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် သိန်း ၅၁၀ ပြန်လည်ထုတ်ချေး

ဝန်းသိုနိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲမှု လျော့ချရေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း(၃၅)ရွာ ယူနစ်ပေါင်း (၂၁) ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ မွန်းလွဲ()နာရီအချိန်က အောင်းပင် ကျေးရွာ၌ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အတိုးရ ငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး စသည့်စီမံကိန်းအကြောင်းအရာများကို အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများ ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှုကော်မတီများက စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ()ဦးနှင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန်တောင်သူ(၆၇)ဦး၊ စုစုပေါင်းတောင်သူ(၆၉)ဦးထံသို့ ချေးငွေကျပ်သိန်း ၅၁၀ကို ကိုဗစ် ကာလ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)